နူရ်အစ္စလာမ် စာသင်ကျောင်း
Noor ul-Islam Academy (NIA) ခေါ် နူရ်အစ္စလာမ် စာသင်ကျောင်းအား ၂၀၁၇ ခုနှစ် ဇူလိုင်လ တွင် စတင်တည်ထောင်ခဲ့ပြီး အင်ဒီယားနားပြည်နယ်အစိုးရတွင် တရားဝင်မှတ်ပုံတင်ထားသည့် အစ္စလာမ် စာသင်ကျောင်း ဖြစ်ပါသည်။ လက်ရှိတွင် နူရ်အစ္စလာမ် စာသင်ကျောင်းမှ ကျမ်းမြတ်ကိုရ်အာန် နှင့် အစ္စလာမ့်သာသနာရေးရာ သင်ခန်းစာများအား သင်ကြားပို့ချပေးနေပါသည်။
သင်တန်းချိန်မှာ ညနေ ၅းဝ၀ နာရီ မှ ရးဝ၀ နာရီ ဖြစ်ပြီး စနေနေ့ မှ ကြာသာပတေးနေ့အထိ တပတ် (၆) ရက် ဖွင့်လှစ်ထားပါသည်။ အသက် (၆) နှစ် မှ (၁၆) နှစ်အကြား ကျောင်းသူ၊ ကျောင်းသားများအား လက်ခံသင်ကြားနေပြီး ကျမ်းမြတ်ကိုရ်အာန်အား ပိပိသသ ရွတ်ဖတ်နိုင်ရေး၊ ကျမ်းမြတ်ကိုရ်အာန်၏ စူရာဟ်များအား အာဂုံဆောင်နိုင်ရေး၊ မှန်ကန်တိကျစွာ ဆွလ္လာသ်ဝတ်ပြုနိုင်ရေး နှင့် အစ္စလာမ်သာသနာမှ ပြဌာန်းချက်များ၊ အဆိုအဆုံးမများအား တိကျစွာ နားလည်သဘောပေါက်နိုင်ရေးတို့အတွက် ရည်ရွယ်၍ သင်ကြားပေးနေပါသည်။
သင်တန်းများအား နှစ်ပတ်လည်သင်တန်းများအဖြစ် ဖွင့်လှစ်ထားသည်ဖြစ်ရာ ပထမ နှစ်ဝက်အား ဇူလိုင်လ မှ ဒီဇင်ဘာလ အထိ လည်းကောင်း၊ ဒုတိယနှစ်ဝက်အား ဇန်နဝါရီလ မှ မေလ အထိ လည်းကောင်း သတ်မှတ်ထားပါသည်။ ကျောင်းသား-ကျောင်းသူ သစ်များအား အစဉ်လက်ခံလျက်ရှိသော်လည်း ပထမနှစ်ဝက်အတွက် ဇူလိုင်လ တွင်လည်းကောင်း၊ ဒုတိယနှစ်ဝက်အတွက် ဒီဇင်ဘာလတွင်လည်းကောင်း ကျောင်းအပ်နိုင်ပါသည်။
ကျောင်းလခအဖြစ် ကျောင်းသား၊ ကျောင်းသူ တဦး အတွက် တလ ဒေါ်လာ ၂၅ သတ်မှတ်ထားပြီး ယင်းမိသားစုဝင်အတွင်း ကျောင်းသား၊ ကျောင်းသူ သုံး ထက်ပိုပါက အားလုံးအတွက် တလကျောင်းလခ အများဆုံး ၇၅ ဒေါ်လာ သာ သတ်မှတ်ပါသည်။ ငွေကြေးအခက်အခဲရှိသည့် မိသားစုများအတွက် ကျောင်းလခ မကောက်ခံဘဲ အခမဲ့ ပညာသင်ကြားပေးပါသည်။
ကျောင်းအပ်လိုပါက သို့မဟုတ် နူရ်အစ္စလာမ်စာသင်ကြောင်းနှင့် ပတ်သက်၍ မေးမြန်းလိုပါက 260-786-5858 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ပုံမှန်ကျောင်းချိန်အတွင်း လာရောက်၍ ဆရာများနှင့်လည်း တွေ့ဆုံ ပြောဆိုနိုင်ပါသည်။