Muslim Cemetery of Fort Wayne (MCFW) ခေါ် ဖို့တ်ဝိန်းမွတ်စလင်ကဘာရ်စတာန် အား တည်ထောင်ရန်အတွက် အဆိုပြုထားသည့် ၁၅ ဧက အကျယ်ရှိ မြေနေရာအား အလ်လန်ခရိုင် မှ ဖေဖော်ဝါရီ ၂၀၂၀ ခုနှစ်တွင် အတည်ပြုပေးလိုက်ပြီဖြစ်ပါသည်။ အဆိုပြုထားသည့် မြေနေရာအား ဝယ်ယူထားရှိပြီး စုစုပေါင်းမြေအကျယ်၏ ၅ ဧက ခန့်ကို ကဘာရ်မြေအဖြစ် စတင်အသုံးပြုနိုင်ရန်အတွက် စီစဥ်လျက်ရှိပါသည်။ လက်ရှိ အစီအစဥ်တွင် မြေချမြှပ်နှံရန်အတွက် နေရာအကွက် ၁၅၀၀ ပါဝင်မည်ဖြစ်ပြီး ကလေးငယ်များအတွက် မြေနေရာ ၁၅၀ ကိုလည်း စီစဥ်ထားရှိပါသည်။
ဖို့တ်ဝိန်းမြို့တွင် မွတ်စလင်ထုဦးရေတိုးများလာသည်ဖြစ်ရာ မြေမြှပ်သဖ်နာသည့် ကုန်ကျစရိတ်အား ရေရှည်တွင် သက်သာစေရေးအတွက် နှင့်အချိန်ကာလ စောင့်ဆိုင်ရန်မလိုအပ်ဘဲ သာသနာ့တရားတော်နှင့်အညီ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် မြေမြှပ်သဖ်နာနိုင်ရေးအတွက် ယခုကဲ့သို့ မွတ်စလင်ကဘာရ်စတာန် ပေါ်ပေါက်လာရေးအတွက် လုပ်ဆောင်ရခြင်းဖြစ်ပါသည်။
ကဘာရ်စတာန်အဖြစ် စတင်အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် စီစဥ်ဆောင်ရွက်မှုများလုပ်ဆောင်နေသည်ဖြစ်ရာ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ MCFW ဖို့တ်ဝိန်းမွတ်စလင်ကဘာရ်စတာန်ရှိ မြေနေရာအား အခကြေးငွေမယူဘဲ အီမာန်ရှင်တိုင်းအတွက် အသုံးပြုသွားမည်ဖြစ်ပါသည်။ မြေမြှပ်သဖ်နာရာတွင် အခြားကုန်ကျစရိတ်များဖြစ်သည့် မြေတူးမြေမြှပ်ခြင်း၊ အခေါင်းထည့်သွင်းခြင်း၊ အမှတ်အသားပြုလုပ်ခြင်း တို့အတွက် ကျသင့်ငွေများအား တိုက်ရိုက်သော်လည်းကောင်း၊ နာရေးအသင်းများမှသော်လည်းကောင်း ပေးဆောင်ရမည်ဖြစ်သည်။ ရှေရှည်တွင် ယင်းကုန်ကျစရိတ်များလျော့ပေါ့နိုင်ရအတွက် လိုအပ်သည့်ပြင်ဆင်မှုများလည်း လုပ်ဆောင်လျက်ရှိရာ ရေရှည်တွင် မိုက်ယသ်တစ်ခုချင်းစီအတွက် ကုန်ကျစရိတ်သက်သာရန်ဦးတည်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
နေ့တွင်းချင်း မြေမြှပ်သဖ်နာနိုင်ရေးအတွက် ရည်ရွယ်သည်ဖြစ်ရာ နေမဝင်မှီ နှစ်နာရီအတွက် ဖြူနရာဟုန်းမ်ဘက်မှ လိုအပ်သည့် ကိစ္စရပ်များ လုပ်ဆောင်ပြီးပါက နေ့တွင်းချင်း မြေမြှပ်သဖ်နာနိုင်ရန် စီစဥ်လျက်ရှိပါသည်။ ကဘာရ်စတာန် အတွက် လိုအပ်သည့် စီစဥ်မှုများ ပြီးပါက အသေးစိတ်ကြေညာပေးမည်ဖြစ်ပါသည်။